Posts

Showing posts from February, 2011

What you really meant for me...

Image
It was September 22. You told me to break up with you. I asked you for the reasons; however, you refused to tell me anything. Only after a week did I know that you actually didn’t love me. You were feeling guilty that I fell in love with you for real. You thought that it would be the best if you put an end to my feelings. Then, let me tell you. Yes, I really fell in love with you. Did you think that I would wait for you like any other girls whose hearts you had broken? Did you think that I would beg you to come back to me? Did you think that I would forgive you for abusing my heart? The answer is “NO” to hell. Don't ever think that I am a drama queen like that girl in "The day you went away". I will never ever forgive you for what you have done to me. Let me give you the answer to those questions with just a song. It is this song “Fall” by Ina. I hope you enjoy this song. But don’t worry. I will not revenge you. I will just wait to smile un

မျှော်လင့်ချက်

လောကကြီးမှာ လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်လို့ပြောမယ်ဆိုလဲ မမှားပါဘူး။ မျှော်လင့်ချက်ပေးတယ်ဆိုတာကတော့ ဒါလုပ်ပေးမယ် … ဟိုဟာလုပ်ပေးမယ် … ဆိုပြီး ပါးစပ်ကအလွယ်တကူ ” အင်း ” ပြော … အလွယ်တကူကတိပေးတာကိုပြောတာပါ … ဒါကြောင့် ဘယ်သူ့ကိုမှ မျှော်လင့်ချက်မပေးပါနဲ့ … သူများဆီကလည်း ဘာမှမမျှော်လင့်ပါနဲ့။ ဘယ်သူ့ဆီကမှ ဘာကိုမှမမျှော်လင့်ပါနဲ့ ဆိုတာကတော့ သူကိုယ့်ကိုဘာတွေပဲ ကတိပေးပေး … ဘာလုပ်ပေးပါမယ်ဆိုပြီး ပါးစပ်က တဖွဖွပြောရင်တောင် … သူ့ဆီက ဘာရမယ်ဆိုပြီး မျှော်လင့်ချက်မထားပါနဲ့။ သူ တကယ်လို့မေ့သွားခဲ့မယ်ဆိုရင် ကိုယ်ပဲဝမ်းနည်းရမှာမို့လို့ပါ။ တကယ်လို့ သူမမေ့ဘဲလုပ်ပေးတယ်ဆိုရင်တော့ ပျော်ပျော်ကြီးသာ လက်ခံလိုက်ပေါ့။ အလားတူပဲ ဘယ်သူ့ကိုမှ မျှော်လင့်ချက်မပေးပါနဲ့ … ကိုယ်မလုပ်နိုင်ဘူးဆိုရင် မလုပ်နိုင်ဘူးဆိုပြီး ရှင်းရှင်းလင်းလင်းပြောပါ။ အလွယ်တကူ လုပ်ပေးရမှာပေါ့ဆိုပြီးတော့မပြောပါနဲ့။ ကိုယ်မလုပ်ပေးရင် သူစိတ်ပျက်သွားပါလိမ့်မယ်။ ကိုယ်တိုင်လည်း မျှော်လင့်ချက်အတိုင်း မဖြစ်လာရင် စိတ်ပျက်ရမှာကို မလိ

black/white ရဲ့ ဘ၀ခံယူချက် တစ်စေ့တစ်စောင်း…

တစ်ခါတစ်လေ လူလုပ်ရတာတော်တော် ပင်ပန်းတာပဲ… တစ်နေ့တစ်နေ့ အိပ်ရာကနေထ… စားစရာရှိတာစား (မငတ်အောင်)… အတန်းသွား (နောက်ကျမဆင်းရဲအောင်)… အိမ်စာလုပ် (အတန်းထဲမှာ အညံ့ဆုံးမဖြစ်အောင်)… စာကျက် (စာမေးပွဲကျရင် သူများအထင်သေးမှာစိုးလို့)… ပြီးရင် အိပ် (နောက်တစ်နေ့ လူဆက်လုပ်ဖို့)… သေချာစဉ်းစားကြည့်ရင်တော့ တစ်နေ့တစ်နေ့ လုပ်ရတဲ့ အလုပ်က အဲ့လောက်မများပါဘူး… ဘေးနားက pressure ကသာများနေလို့ စိတ်ပင်ပန်းရတာပါ… သူများက ကိုယ့်ကို ဘယ်လိုမြင်မလဲ… ဘယ်လိုဝေဖန်မလဲ… တွေးရင်းစိတ်ပူပြီး စိတ်မောရတာပါ… ကဲ… ဒါဆိုသူတို့ပြောတာ သိပ်ဂရုမစိုက်ပါနဲ့… သူတစ်ပါးရဲ့ဝေဖန်မှုက အရေးမကြီးဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး… အတိုင်းအတာတစ်ခုထိတော့ အရေးပါပါတယ်… ဒါပေမယ့် သူတို့ဝေဖန်တဲ့အတိုင်း သူတို့ဖြစ်ချင်တဲ့အတို်င်း လိုက်လုပ်နေရင်တော့ ကိုယ့်ဘ၀ကိုယ်နေတာမဟုတ်ဘဲ… သူတို့ဘ၀ကြီးကိုနေသလိုမဖြစ်သွားဘူးလား… ဒါကြောင့် ကိုယ့်ဘာသာ ကိုယ်ဝေဖန်ပါ… ကိုယ်လုပ်ခဲ့ သမျှကို ကိုယ့်ဟာကိုယ် သုံးသပ်ပြီး မှန်လား မမှန်လား စဉ်းစားပါ… တကယ်လို့ ကိုယ်မှန်တယ်လို့ ယုံကြည်ပြီး လုပ်ခဲ့တာဆိုရင် ရဲရဲကြီးဆက်လုပ်ပါ… တကယ်လို့ တစ်ခုခ

ဖေဖော်ဝါရီ ၁၄... ချစ်သူများနေ့... အဲလေ... Assignment များနေ့...

ဟင်း … Calender ကို တစ်ချက် ရှိုးလိုက်တော့ ဖေဖော်ဝါရီလ ၂ ရက်နေ့တောင် ရောက်ပြန်ပြီပေါ့။ ၁၃ ရက်ပဲလိုတော့တယ်။ ဟင်း … ချစ်သူများနေ့ရောက်ဖို့။ တစ်ကယ်ဆိုရင်တော့လည်း ဘ၀ပေးကုသိုလ်ကံ မကောင်းတာဘဲလားမသိ။ အသက်က ၂၀ ပြည့်တော့မယ်။ အချစ်ဦးတောင် မကြုံရသေးဘူး။ တော်ပါပြီ … ဒီဘ၀တော့ဒီမျှနဲ့ပဲ … ဒီလိုပဲကျေနပ်ရမှာပေါ့လေ။ ၁၄ ရက်နေ့ … သူများတွေ ရည်းစားလေးတွေ ကိုယ်စီနဲ့ လျှောက်လည်ကြမှာပေါ့နော် … ငါ့များ … အဲဒီနေ့ … အတန်းကလည်း တစ်တန်းမှမပိတ် … Assigments တွေကလည်း တောင်ပုံယာပုံ … ချော့ကလက်ဝယ်ဖို့ကလည်း ပိုက်ဆံမရှိ … ဒါဆိုသေချာနေပြီ … Valentines’ Kiss ဆိုရင် အိမ်မက်ထဲမှာတောင် စိတ်မကူးရဲဘူး … တော်ပြီ … တော်ပြီ … စိတ်ညစ်စရာတွေမစဉ်းစားချင်ဘူးကွယ်။ တစ်ကိုယ်တော် လွတ်လပ်တဲ့ ဘ၀ကြီးမှာ … တစ်ကိုယ်တော်ရွက်လွှင့်ပြီး … တစ်ကိုယ်တော်ပျော်ပျော်ကြီးနေပစ်လိုက်မယ်။ ညညလည်း ဖုန်းပြောပြီး အိပ်ရေးပျက်စရာလည်းမလို … ဘယ်သွားသွား သံတော်ဦးတင်စရာလည်းမလို … စိတ်အပင်ပန်းခံပြီး J ၀င်နေစရာလည်းမလို … အို … ဘယ်လောက်သာယာတဲ့ ဘ၀ကြီးလဲ။ ခု ဘာရိုက်ရမလဲမသိတော့ဘူး … ရည်းစားထက် ပိုနှိပ်စက်တဲ