ဖေဖော်ဝါရီ ၁၄... ချစ်သူများနေ့... အဲလေ... Assignment များနေ့...

ဟင်း… Calender ကို တစ်ချက် ရှိုးလိုက်တော့ ဖေဖော်ဝါရီလ ရက်နေ့တောင် ရောက်ပြန်ပြီပေါ့။ ၁၃ ရက်ပဲလိုတော့တယ်။ ဟင်းချစ်သူများနေ့ရောက်ဖို့။ တစ်ကယ်ဆိုရင်တော့လည်း ဘ၀ပေးကုသိုလ်ကံ မကောင်းတာဘဲလားမသိ။ အသက်က ၂၀ ပြည့်တော့မယ်။ အချစ်ဦးတောင် မကြုံရသေးဘူး။ တော်ပါပြီဒီဘ၀တော့ဒီမျှနဲ့ပဲဒီလိုပဲကျေနပ်ရမှာပေါ့လေ။

၁၄ ရက်နေ့သူများတွေ ရည်းစားလေးတွေ ကိုယ်စီနဲ့ လျှောက်လည်ကြမှာပေါ့နော်ငါ့များအဲဒီနေ့အတန်းကလည်း တစ်တန်းမှမပိတ်… Assigments တွေကလည်း တောင်ပုံယာပုံချော့ကလက်ဝယ်ဖို့ကလည်း ပိုက်ဆံမရှိဒါဆိုသေချာနေပြီ… Valentines’ Kiss ဆိုရင် အိမ်မက်ထဲမှာတောင် စိတ်မကူးရဲဘူး

တော်ပြီတော်ပြီစိတ်ညစ်စရာတွေမစဉ်းစားချင်ဘူးကွယ်။ တစ်ကိုယ်တော် လွတ်လပ်တဲ့ ဘ၀ကြီးမှာတစ်ကိုယ်တော်ရွက်လွှင့်ပြီးတစ်ကိုယ်တော်ပျော်ပျော်ကြီးနေပစ်လိုက်မယ်။ ညညလည်း ဖုန်းပြောပြီး အိပ်ရေးပျက်စရာလည်းမလိုဘယ်သွားသွား သံတော်ဦးတင်စရာလည်းမလိုစိတ်အပင်ပန်းခံပြီး J ၀င်နေစရာလည်းမလိုအိုဘယ်လောက်သာယာတဲ့ ဘ၀ကြီးလဲ။

ခု ဘာရိုက်ရမလဲမသိတော့ဘူးရည်းစားထက် ပိုနှိပ်စက်တဲ့ Alarm clock ကလည်းတဗျစ်ဗျစ်တတောက်တောက်လုပ်နေပြီညညဆိုလည်း Assignments က မအိပ်ရအောင် နှိုးတယ်… Progress ကိုသံတော်ဦးတင်ရမယ့် Professors လည်းရှိတယ်… Class Quizes တွေကလည်း စိတ်ပင်ပန်းအောင်လုပ်တယ်ဒီလို Substitutes တွေရှိနေမှတော့ ရည်းစားဆိုတာ လိုလား မလိုလားကိုယ့်ဟာကိုယ်တောင်မစဉ်းစားရဲတော့ဘူး

တော်ပြီတာ့တာ… Assingment တွေမပြီးရင် မရှိရှိတဲ့ Grades တွေလဲ ကျလိမ့်မယ်အချစ်ရေးထက်ပညာရေးကို ခဏတာဦးစားပေးလိုက်ပါဦးမယ်

သူငယ်ချင်းတို့လည်း ဒီနှစ် ချစ်သူများနေ့ အစီအစဉ်လေးလည်း Share ကြပါဦးနော်သူငယ်ချင်းတို့ရဲ့ Plan လေးတွေကြည့်ပြီး နည်းနည်းလေးတော့ J ၀င်ပါရစေ။

Comments

Popular posts from this blog

VBA Chess Board without MOD

ကျောင်းကောင်စီ သီချင်း

A Friend of Convenience