မျှော်လင့်ချက်


လောကကြီးမှာ လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်လို့ပြောမယ်ဆိုလဲ မမှားပါဘူး။

မျှော်လင့်ချက်ပေးတယ်ဆိုတာကတော့ ဒါလုပ်ပေးမယ်ဟိုဟာလုပ်ပေးမယ်ဆိုပြီး ပါးစပ်ကအလွယ်တကူအင်းပြောအလွယ်တကူကတိပေးတာကိုပြောတာပါဒါကြောင့် ဘယ်သူ့ကိုမှ မျှော်လင့်ချက်မပေးပါနဲ့သူများဆီကလည်း ဘာမှမမျှော်လင့်ပါနဲ့။

ဘယ်သူ့ဆီကမှ ဘာကိုမှမမျှော်လင့်ပါနဲ့ ဆိုတာကတော့ သူကိုယ့်ကိုဘာတွေပဲ ကတိပေးပေးဘာလုပ်ပေးပါမယ်ဆိုပြီး ပါးစပ်က တဖွဖွပြောရင်တောင်သူ့ဆီက ဘာရမယ်ဆိုပြီး မျှော်လင့်ချက်မထားပါနဲ့။ သူ တကယ်လို့မေ့သွားခဲ့မယ်ဆိုရင် ကိုယ်ပဲဝမ်းနည်းရမှာမို့လို့ပါ။ တကယ်လို့ သူမမေ့ဘဲလုပ်ပေးတယ်ဆိုရင်တော့ ပျော်ပျော်ကြီးသာ လက်ခံလိုက်ပေါ့။

အလားတူပဲ ဘယ်သူ့ကိုမှ မျှော်လင့်ချက်မပေးပါနဲ့ကိုယ်မလုပ်နိုင်ဘူးဆိုရင် မလုပ်နိုင်ဘူးဆိုပြီး ရှင်းရှင်းလင်းလင်းပြောပါ။ အလွယ်တကူ လုပ်ပေးရမှာပေါ့ဆိုပြီးတော့မပြောပါနဲ့။ ကိုယ်မလုပ်ပေးရင် သူစိတ်ပျက်သွားပါလိမ့်မယ်။ ကိုယ်တိုင်လည်း မျှော်လင့်ချက်အတိုင်း မဖြစ်လာရင် စိတ်ပျက်ရမှာကို မလိုလားသလိုသူများကိုလည်း စိတ်ပျက်ရအောင်မလုပ်ပါနဲ့။

ဒါမှလည်း ၀ဋ်မလည်မှာပါ

black/white 

Comments

Popular posts from this blog

To go or not to go, that's the problem.

VBA Chess Board without MOD

My Confession of Sin_ Part (2)