black/white ရဲ့ ဘ၀ခံယူချက် တစ်စေ့တစ်စောင်း…



တစ်ခါတစ်လေ လူလုပ်ရတာတော်တော် ပင်ပန်းတာပဲ… တစ်နေ့တစ်နေ့ အိပ်ရာကနေထ… စားစရာရှိတာစား (မငတ်အောင်)… အတန်းသွား (နောက်ကျမဆင်းရဲအောင်)… အိမ်စာလုပ် (အတန်းထဲမှာ အညံ့ဆုံးမဖြစ်အောင်)… စာကျက် (စာမေးပွဲကျရင် သူများအထင်သေးမှာစိုးလို့)… ပြီးရင် အိပ် (နောက်တစ်နေ့ လူဆက်လုပ်ဖို့)…


သေချာစဉ်းစားကြည့်ရင်တော့ တစ်နေ့တစ်နေ့ လုပ်ရတဲ့ အလုပ်က အဲ့လောက်မများပါဘူး… ဘေးနားက pressure ကသာများနေလို့ စိတ်ပင်ပန်းရတာပါ… သူများက ကိုယ့်ကို ဘယ်လိုမြင်မလဲ… ဘယ်လိုဝေဖန်မလဲ… တွေးရင်းစိတ်ပူပြီး စိတ်မောရတာပါ…


ကဲ… ဒါဆိုသူတို့ပြောတာ သိပ်ဂရုမစိုက်ပါနဲ့… သူတစ်ပါးရဲ့ဝေဖန်မှုက အရေးမကြီးဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး… အတိုင်းအတာတစ်ခုထိတော့ အရေးပါပါတယ်… ဒါပေမယ့် သူတို့ဝေဖန်တဲ့အတိုင်း သူတို့ဖြစ်ချင်တဲ့အတို်င်း လိုက်လုပ်နေရင်တော့ ကိုယ့်ဘ၀ကိုယ်နေတာမဟုတ်ဘဲ… သူတို့ဘ၀ကြီးကိုနေသလိုမဖြစ်သွားဘူးလား…


ဒါကြောင့် ကိုယ့်ဘာသာ ကိုယ်ဝေဖန်ပါ… ကိုယ်လုပ်ခဲ့ သမျှကို ကိုယ့်ဟာကိုယ် သုံးသပ်ပြီး မှန်လား မမှန်လား စဉ်းစားပါ… တကယ်လို့ ကိုယ်မှန်တယ်လို့ ယုံကြည်ပြီး လုပ်ခဲ့တာဆိုရင် ရဲရဲကြီးဆက်လုပ်ပါ… တကယ်လို့ တစ်ခုခု လိုတယ်လို့ထင်ရင်တော့… ဘာလိုလဲဆိုတာကို သုံးသပ်ပါ… ကိုယ့်ထက် အတွေ့အကြုံများသောသူဆီကနေ အကြံအညံတောင်ပါ… သူတို့ပေးတဲ့ အကြံအညံကို ပြန်သုံးသပ်ပါ… ကိုယ်နဲ့ကိုက်ညီတယ်လို့ သတ်မှတ်ရင်တော့ လက်ခံလိုက်ပါ… သူတို့ရဲ့ အကြံအညံကို မှီငြမ်းပြီး ကိုယ်နဲ့ ကိုက်ညီသလိုပြင်ယူပါ… အတွေ့အကြုံပိုရှိတို်င်း မှန်ရမယ်ဆိုတာတော့ မရှိပါဘူး…


အခု ဒါတွေရေးနေတာ black/white ဆရာလုပ်ချင်လို့ မဟုတ်ပါဘူး… သိပ်သိ သိပ်တတ် သိပ်တော်နေလို့ ရေးတာလဲမဟုတ်ပါဘူး… black/white ရဲ့ ခံယူချက်လေးတွေပါ… သူငယ်ချင်းတို့ ဖတ်ပြီး… ဝေဖန်စရာရှိတာတွေကို black/white ကျေကျေနပ်နပ် လက်ခံမှာပါ… ဒါပေမယ့် black/white နဲ့ ကိုက်ညီမယ့် comment လေးတွေကိုပဲ modify လုပ်လက်ခံတာကိုတော့ နားလည်ပေးပါနော်…


black/white

Comments

Popular posts from this blog

VBA Chess Board without MOD

ကျောင်းကောင်စီ သီချင်း

A Friend of Convenience