ဖေဖေါ်ဝါရီ ၉ ရက် ဂေါက်ကြောင်ကြောင် အတွေးကလေးများ...



သြ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီပေါ့… သူငယ်ချင်းမြှောက်ပေးလို့ ပေါက်ကရလေးဆယ်လျှောက်ရေးပြီး blogပေါ်တင်ခဲ့တာ… မှတ်မှတ်မိမိ သူုငယ်ချင်းက Valentines’ Day  ရောက်ခါနီးမို့ အဲဒါလေးနဲ့ဆိုင်တာလေး ရေးစမ်းပါဆိုတာနဲ့ Assignment Day ဆိုပြီးရေးဖြစ်ခဲ့တာ… အဟီး…

ဒီနှစ်တော့ black/white တစ်ယောက် promotion ရသွားပါပြီ… ဒါဆိုရည်းစားများရသွားတာလား… မဟုတ်ရပါဘူးဗျာ… ဒီနှစ်တော့ အိမ်စာအဆင့်ကနေ စာမေးပွဲအဆင့်ကို ရာထူးတိုးပေးခြင်းခံလိုက်ရတာပါ… Valentines’ Day မှာ စာမေးပွဲနှစ်ခုတိတိ ဖြေရမဲ့ black/white အဖြစ်ထက် သာတဲ့သူများရှိပါဦးမလား… သြ… forever alone မဖြစ်တော့ဘူးလေ… စာမေးပွဲ အဖေါ်ပြုပေးလို့… အဟီး အဟီး…

ဒီနှစ်လည်း အချစ်အကြောင်းမတွေးချင်ပါဘူး… ရည်းစားထားဖို့နေနေသာသာ သူငယ်ချင်းတွေကိုတောင် စိတ်ကုန်ချင်လာပြီ… သိဘူးကွယ် ဘာလုပ်သင့်သလဲဆိုတာလည်း…

အနည်းဆုံးတော့ အချို့အချို့သူငယ်ချင်းတွေရဲ့ အစီအစဉ်လေးတွေသိလေပြီဆိုတော့… ငှဲငှဲငှဲ… အဲလေ… ငါနဲ့ဘာမှမဆိုင်ပါလားဆိုပြီး…

ဒီနှစ်တော့ black/white တစ်ယောက် valentines’ day card တွေ သူငယ်ချင်းတွေဆီပို့ဖို့လုပ်ထားပါတယ်… surprise လေးတစ်ခုခုလည်းပါအောင်လည်း အကြံအညံတွေ ထုပ်နေပါတယ်… ဖြစ်မဖြစ်ကတော့ ဖေဖေါ်ဝါရီ ၁၄ရောက်မှပဲ ကြည့်ရမှာပေါ့လေ…

black/white


Comments

Popular posts from this blog

VBA Chess Board without MOD

ကျောင်းကောင်စီ သီချင်း

A Friend of Convenience