ကျွန်တော်ဘာလုပ်သင့်သလဲ

အခုတလော... ကျွန်တော့်ကိုကျွန်တော်အရမ်းဒေါသထွက်မိတယ်... ဘာကြောင့်လဲ။ ကျွန်တော်ပြောမယ်ဆိုရင်လည်း အဖက်လုပ်မယ့်သူကလည်း ခက်နည်းနည်းပဲရှိတယ်လေ။...


ဘာမှတော့ ရေးကြီးခွင်ကျယ်တော့မဟုတ်ပါဘူး။ black/white သူငယ်ချင်းတစ်ယောက်ပါ... သူအကူအညီလိုတယ်... ပွားစရာရှိပြီဆိုရင် black/whiteဆီရောက်ရောက်လာတတ်တယ်... အဲဒါပြသနာမရှိပါဘူး... ဘယ်သူဘယ်လိုပွားပွား black/whiteအမြဲစိတ်ရှည်ရှည်နားထောင်ပေးတတ်တယ်... အကြံအဥာဏ်ဆိုလည်း ပေးတယ်...


ဒါပေမယ့် ဒီလိုလုပ်ပေးတာကို အခွင့်အရေးမယူသင့်ဘူးလို့ ထင်ပါတယ်...


တစ်နေ့... သူအဲဒီနေ့ စိတ်ဓာတ်ကျနေတယ်တဲ့... ဒီလို ဟိုလို အကြောင်းအရင်းတွေကြောင့်ပေါ့... ဆိုပြီး black/whiteကို လာပွားပါတယ်... ကိုယ့်ဟာကိုယ်စိတ်ဓာတ်မာအောင်နေနေရတဲ့ black/white တစ်ယောက် သူ့စကားကိုဆုံးအောင်နားထောင်ပေးပါတယ်...


အဲ... အဲဒီ့နေ့က ဒီလိုပဲပြီးသွားရော... ပြီးတော့ လူက ပေါ်တောင်မလာတော့ပါဘူး... black/whiteစိတ်လေနေတဲ့ အချိန်မှာလည်း ပွားစရာလူရှာလို့လည်းမရပါဘူး... ထားပါတော့လေ... ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲပေါ့....


ဒီလိုနဲ့ နောက်မကြာမကြာမှာ... ပြန်ပေါ်လာပါတယ်... စကားမပြောရတာကြာပြီဆိုတဲ့ စကားနဲ့စပါတယ်... ထင်တဲ့အတိုင်းပါပဲ... တတိယစာကြောင်းမရောက်ခင်မှာဘဲ... သူ့စိတ်ညစ်စရာကိုစပွားပါလေရော... မတတ်နိုင်ဘူးလေ... နားထောင်ပေးရတာပေါ့...


ဒီလိုပုံစံက ဘယ်တော့မှမပြောင်းပါဘူး...


လိုမှရောက်လာတတ်တဲ့ black/white သူငယ်ချင်းကို black/white ဘာလုပ်သင့်ပါသလဲ။


ထပ်ပြီးလာမပွားနဲ့တော့လို့ပဲပြောလိုက်ရမလား...


ဒါမှမဟုတ် စိတ်ရှည်ရှည်နဲ့ပဲ ဆက်ပြီး သည်းခံရမလား...


ဝိုင်းစဉ်းစားပေးကြပါဦး... စိတ်ရှည်ထားတာလည်း ကမ်းကုန်ပါတော့မယ်... တတ်နိုင်ရင် ကယ်ကြပါဦး...


-black/white

Comments

Popular posts from this blog

VBA Chess Board without MOD

ကျောင်းကောင်စီ သီချင်း

A Friend of Convenience