ဘ၀ သင်ခန်းစာ

ဘာရယ်လို့တော့မဟုတ်ပါဘူး.... သူငယ်ချင်းတစ်ယောက် ဟိုး.... ဟိုး... တုန်းက Share ထားတာလေး ပြန် Share လိုက်တာပါ... 
  • လူတစ်ယောက်နဲ့ ရန်ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သူနဲ့ တန်းတူဖြစ်အောင် အဆင့်နိမ့်လိုက်ခြင်း ဖြစ်သည်။
  • ကိုယ့်စိတ်ကို သူများက ၀မ်းနည်းအောင်၊ ၀မ်းသာအောင် လုပ်လို့ရနေပြီဆိုရင် ကိုယ်က သူ့လက်ခုတ်ထဲကရေ ဖြစ်သွားပြီ။
  • သူတစ်ပါးမှာ အမှားတစ်ခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေရသလို သဘောထားပါ။
  • ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့်ကျေးဇူးရှင်လို့ သဘောထားပါ။
  • ကိုယ်က သူများကို အပြစ်တင် ရှုံ့ချနေတာဟာ သူဘယ်လိုလူလဲ ဆိုတာ မပေါ်လွင်ဘူး။ ကိုယ်ဘယ်လိုလူလဲ ဆိုတာ တော့ သေသေချာချာ ပေါ်လွင်သွားပြီ။
  • သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည့်ပါ။ ရှိနေတတ်ပါတယ်။ သူတစ်ပါးမှာ ကောင်းတာမြင်ရင်လည်း အဲဒီလို ကောင်းတာကော ငါ့မှာ မရှိဘူးလား။ရှိရင်ကောင်းပါတယ်။ မရှိသေးရင် ရှိအောင်လုပ်ရမည်။
  • ကိုယ်စိတ်ကို ကိုယ်သိတာဟာ လူ ကလွဲလို့ တခြား ဘယ်သတ္တ၀ါမှ မလုပ်နိုင်ပါဘူး။ ဒါဟာ လူသားရဲ့ ထူးခြားတဲ့ အရည်အချင်းပါ။ ဒီအလုပ်ကို မလုပ်သေးသ၍ လူမပီသသေးသူ၊အဆင့်မြင့်လူသား မဖြစ်သေးသူ ဖြစ်နေမှာပါ။
  • သတိနဲ့ နေတာများလေလေ -> လူကြီးဆန်လေလေ၊ ရင့်ကျက်လေလေပါပဲ။
  • ပစ္စုပ္ပန်ဟာ တန်ဖိုးအရှိဆုံးပါ။ အနာဂါတ်ကို မျှော်ပြီး ပစ္စုပ္ပန်ကို မဖြုန်းသင့်ပါ။
  • ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ၊ ကိုယ့်အလုပ်ကိုကိုယ် အတက်နိုင်ဆုံးကောင်းအောင် လုပ်တဲ့သူဟာ သူ့ဟာသူ စိတ်ကျေနပ်မှု ရနေတယ်။ စိတ်ချမ်းသာနေတယ်။ ပျော်နေတယ်။သူများချီးမွမ်းတာ အပေါ်မှာ မှီခိုမှု မရှိဘူး။ လွတ်လပ်နေတယ်။
  • ပျော်ပျော်နေပါ။ ပေါ့ပေါ့တန်တန်မနေပါနဲ့။
  • လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံ ခွင့်မလွတ် နိုင်တဲ့သူတွေဟာ အဖေါ်မဲ့တတ်တယ်။ သူများအကြောင်း မကောင်း ပြောတတ်သူ တွေမှာလည်း အဖေါ်မဲ့တတ်တယ်။
  • ခွင့်လွတ်ခြင်း ဆိုသည်မှာ ပျော့ညံ့ခြင်းမဟုတ်၊ သတ္တိရှိခြင်းသာ။
  • သူများကိုနိုင်ချင်တာ ကလေးဆန်တဲ့စိတ်၊ သူများကို အပြစ်ရှာချင်တာ မရင့်ကျက်တဲ့စိတ်။
  • သင်ဘယ်လို လူလဲဆိုတာ သိချင်လျှင် သင့် ပတ်ဝန်းကျင်က လူတွေကို အကဲခတ်ပါ။ သင်နှင့် သင့်ပတ် ၀န်းကျင်က လူတွေရဲ့ ဆက်ဆံရေးဟာ သင့်ကိုသင်ဘယ်လိုလူလဲဆိုတာဖေါ်ပြနေပါတယ်။
  • သူများကို ဘယ်လိုလူစား လို့ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလို့ပြောတာနဲ့ တူပါတယ်။
  • တစ်ကိုယ်တည်း နေခြင်းဟာ လေးနက်တဲ့ အသိဥာဏ်ကို ဖြစ်ပေါ်စေတယ်။
  • တစ်ကိုယ်တည်း စိတ်ချမ်းသာစွာ နေထိုင်နိုင်ခြင်း၊ အများနှင့် အဆင်ပြေပြေနေနိုင်ခြင်း သည် မြင့်မားသော စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဖြစ်သည်။

Comments

Popular posts from this blog

To go or not to go, that's the problem.

VBA Chess Board without MOD

My Confession of Sin_ Part (2)