ကျောင်းကောင်စီ သီချင်း

သြ... ကျောင်းတော်မဟာ ၂ လသာကို ခွဲခွာခဲ့ရတာ ဘာလိုလိုနဲ့ ၇နှစ်တောင်ရှိသွားပြီပဲ... ဟိုအပတ်က ကျောင်းနေဖော်သူငယ်ချင်းနဲ့ ကျောင်းတုန်းက ရူးကြောင်မူးကြောင် အကျင့်လေးတွေရယ်... ရယ်စရာ အဖြစ်အပျက်လေးတွေကို နွားစမြုတ်ပြန်နေရင်း လသာ ၂ မှာ ၁၁ နှစ်တိတိ နေ့တိုင်းနီး မဆိုချင်လည်း ဆိုခဲ့ရတဲ့ ကျောင်းကောင်စီသီချင်းလေးကို ပြေးသတိရမိတယ်... ကျောင်းတုန်းကလည်းဝါးချခဲ့သလို အခုလည်း ဘာမှရေရေရာရာ မမှတ်မိလို့ ဖေ့ဘွတ်မှာ သူငယ်ချင်းတွေကို အကူအညီတောင်းကြည့်တော့ သူတို့တွေရဲ့ အကူအညီနဲ့ပဲ စာသားအားလုံးနည်းပါး စုစောင်းမိဖြစ်တယ်... ဘယ်သူမှတော့ စာသားအတိအကျ မမှတ်မိပါဘူး... နည်းနည်းဝါးချရင်တော့ သီချင်းက တကယ်ကြီး မြညီလာမှာ Assembly ထဲပြန်ရောက်သွားသလိုပါပဲ...

သီချင်းစာသားလေးတွေကတော့...

မိမိကိုယ်ကိုကောင်းအောင် ကြိုးစားမည်
မိမိအတန်းကိုကောင်းအောင် ကြိုးစားမည်
မိမိကျောင်းကိုကောင်းအောင် ကြိုးစားမည်
မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်

ကတိလေးချက်ကိုမူတည် ဖွဲ့စည်းခဲ့တဲ့ ကျောင်းကောင်စီ
အသင်းငါးသင်းရှိပါသည် အနော်ရထာမှစ၍တည်
ကျန်စစ်သားနဲ့ ဘုရင့်နောင် အလောင်းဘုရားနှင့် ဘန္ဒုလတို့သည်
ကိုယ့်ဝန်ကိုယ်ထမ်း လုပ်ငန်းမှန်သမျှစုပေါင်းဆောင်ရွက်မည်
တကိုယ်ကောင်းမဆန် ပိုကောင်းရန်
ထက်သန်သောမျိုးချစ်စိတ်နဲ့ ဇွဲလုံ့လတည်
လုပ်အားကိုမြတ်နိုး ကိုယ်ကျိုးစွန့်ရမည် စည်းကမ်းကိုရိုသေမည်
ပြည်သူ့သားကောင်း သမီးကောင်း ကျောင်းကောင်စီ။

ဟီးဟီး ၀ါးချပြီးသာဆိုကြည့် မြညီလာထဲ ပြန်ရောက်သွားသလိုပဲ...
လသာ၂ ကိုလွမ်းလျှက်...

--
MNS

Comments

Popular posts from this blog

To go or not to go, that's the problem.

VBA Chess Board without MOD

My Confession of Sin_ Part (2)