ကဲ ဘယ်လိုလုပ်ကြမလဲ



သူငယ်ချင်းတစ်ယောက် black/whiteကို ရင်ဖွင့်လာပါတယ်။

သူချစ်နေတဲ့ကောင်မလေးက သူ့ကိုပြန်မကြိုက်ဘူးတဲ့… သူငယ်ချင်းလိုပဲ နေချင်ပါတယ် ဆိုလာတယ်တဲ့။ ကဲ black/white က ဘာပြန်ပြောပေးရမလဲ။

ကဲစောက် ပြသနာက ဘာလဲဆိုတော့ ကောင်မလေးက သူ့ကိုလည်း ပြန်မကြိုက်ဘူး။ စကားကတော့ ပုံမှန်ပြောတယ်တဲ့… သူငယ်ချင်းပဲ ဆိုပြီးတော့လေ… ပြီးရင် လိုတဲ့အချိန်ဆို ဖုန်းဆက် အကူအညီ တောင်းတယ်တဲ့…

ဟိုကောင်ကတော့ လုပ်ပေးရှာတာပေါ့လေ… ချစ်တာကိုး… သူ့ကိုပဲ အသုံးမကျဘူးပြောရမလား… ခိုင်းသမျှလုပ်ပေးလို့ဆိုပြီး...

ဒါဆို ဟိုမိန်းမကို အပြစ်တင်ရမလား… ဟိုကကြိုက်နေတာကို အခွင့်ကောင်းယူတယ်ဆိုပြီးတော့…

ဒါမှမဟုတ် ရည်းစားမဖြစ်တာနဲ့ သူငယ်ချင်းအဖြစ်ကနေ ရပ်စဲခိုင်းရမှာလား…

ဒါမှမဟုတ်ရည်းစားမဟုတ်တောင် သူငယ်ချင်းအဖြစ်နဲ့ ကျေနပ်နေခိုင်းရမှာလား…

အကောင်းဆုံးကတော့ ဒီလိုအခြေအနေမဖြစ်အောင် သူငယ်ချင်းကို သူငယ်ချင်းထက် မပိုပါနဲ့… သူငယ်ချင်းဆိုတာ သူငယ်ချင်းအနေနဲ့ပဲ ကောင်းတာပါ…

သူငယ်ချင်းအဆင့်ကနေ ရည်းစားဖြစ်ဖို့လွယ်ပါတယ်… ရည်းစားအဆင့်ကနေ မတိုက်ဆိုင်တာတွေကြုံလို့ လမ်းခွဲဖြစ်ရင် သူငယ်ချင်းပြန်ဖြစ်ဖို့ မလွယ်ပါဘူး…

သြ… ဒါနဲ့… အပေါ်ကလို ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေဖြစ်နေရင်တော့ ကိုယ့်ဇာတ် ကိုယ်နိုင်အောင် ကကြပေတော့…black/white ဘာအကြံအညံမှ မပေးတတ်ပါဘူး…

တကယ်တော့ သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်မဟုတ်ပါဘူး... နှစ်ယောက်ရဲ့အဖြစ်ပါ... xP

--
black/white

Comments

Popular posts from this blog

My Confession of Sin_ Part (2)

To go or not to go, that's the problem.

My Confession of Sin_ Part (1)