ဟာသလေးတစ်ခုပါ… ဘယ်သူ့ကိုမှ နစ်နာစေဖို့ မရည်ရွယ်ပါဘူး…



ကဲ… black/white ခုတစ်လော ကြားခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါ… ဒီအဖြစ်အပျက်လေးကို black/whiteက အဖြစ်အပျက်လေး တစ်ခုအနေနဲ့ ရေးသလို… စာဖတ်ပရိသတ်ကြီးလဲ အဖြစ်အပျက်လေး တစ်ခုအနေနဲ့ပဲဖတ်ပေးဖို့ တောင်းဆိုပါတယ်… ခေါင်းစဉ်မှာပြောခဲ့တာကိုလည်း နောက်တစ်ခေါက်ထပ်ပြောပါရစေ… ဘယ်သူ့ကိုမှ နစ်နာစေဖို့ black/white မရည်ရွယ်ပါဘူး…

အဖြစ်အပျက်လေးကတော့ ဒီလိုလေးပါ…

သူငယ်ချင်းတစ်ယောက်ပေါ့… သူရည်းစားရပြီတဲ့… အဲ… တော်ရုံတန်ရုံ ဘဲတောင်မဟုတ်ဘူးနော်… အစစ အရာရာ ပြည့်စုံတဲ့ အကောင်… ကောင်မလေးကိုလည်း တော်တော် နားလည်ပေးနိုင်တယ်… အဲဒီ့ကောင်မလေးတစ်ယောက်ကိုပဲ ရူးရူးမူးမူးကြိုက်ရှာတာ…

ကဲ… ဒီအကောင် တကယ်ရှိလား… ဟိုရှာဖွေ… ဒီရှာဖွေနဲ့ သိလိုက်ရတာကတော့ ဒီပေါက်ကရလေးဆယ် ဇာတ်ကြောင်းနောက်မှာ ဥာဏ်ကြီးရှင်မလေးတစ်ယောက် ရှိမှန်းသိရလေတော့တယ်…

ဥာဏ်ကြီးရှင်မလေးထွင်တဲ့ ဇာတ်လမ်းလေးကတော့ ကျုပ်သူငယ်ချင်း အဲဒီ့တကယ်မရှိတဲ့ အကောင်ကို မကြိုက်ကြိုက်အောင်လုပ်… ကဲ… ကြိုက်သွားတော့… အဲဒီ့ကောင်မလေးကြောင့် စိတ်ထောင်းကိုယ်ကျေဖြစ်ပြီး ဂစ်သွားပြီတဲ့... OMG… သူငယ်ချင်းတွေက မဟုတ်ဘူးလို့ အတန်တန်တားတဲ့ ကြားထဲက black/white သူငယ်ချင်းကြီး ချုံးချုံးကျ ၀မ်းနည်းပါလေရော…

ဝမ်းနည်းလို့ နည်းနည်း okay ပြန်ဖြစ်သွားတဲ့ အချိန်မှာတော့ ဥာဏ်ကြီးရှင်မလေးထပ်ထွင်တဲ့ ဇာတ်လမ်းကတော့… ဟိုအကောင်က မသေဘူးတဲ့… black/white သူငယ်ချင်းရဲ့ အချစ်ကို စမ်းသပ်ချင်လို့ပါတဲ့… သစာ(စ)ရှိရှိစောင့်ရင် ဘယ်နှနှစ်မှန်းတော့မသိ… ပြန်လာမယ်ဆိုလားပဲ…

black/white သူငယ်ချင်းကြီးကတော့… ကျုပ်တို့ပြောတာ နည်းနည်းယုံလားပါပြီ… သိပ်ပြီး မတုန်လှုပ်တော့ပါဘူး… ဒီတော့ မတုန်လှုပ်ရကောင်းလားဆိုပြီး ဥာဏ်ကြီးရှင်မလေး နောက်ဆုံး လန်ကြုတ်လိုက်တာကတော့… ဟီး ဟီး… သူ့အစ်ကို (ဟိုအကောင်) မိန်းမယူသွားပါပြီတဲ့…

ဟီးဟီး… ကျုပ်တို့လဲစောင့်နေပါတယ်… သေရာကနေပြန်… ပြန်ပြီးတော့ မိန်းမရတဲ့အထိ ပိပိရိရိ (ကျုပ်တို့သိမှန်း သူသိပုံမပေါ်သေးပါဘူး) ဇာတ်လမ်းထွင်တဲ့ ဥာဏ်ကြီးရှင်မလေးကို မေးဖို့ပါ… ဟိုအကောင် ဘယ်တော့ ကလေးမွေးမှာလဲဆိုပြီးတော့ပေါ့နော်…

နောက်တစ်ခေါက် ပြန်ပြောဦးပါမယ်… ဘယ်သူ့ကိုမှ ထိခိုက်ဖို့မရည်ရွယ်ပါဘူး… ဥာဏ်ကြီးရှင်မလေးရဲ့နာမည်ကတော့ Barbieရုပ်လား… ပလပ်စတစ်ရုပ်လား… မသိတော့ဘူး… အရုပ်တစ်ခုခုတော့ တစ်ခုခုပါပဲ… ဟီးဟီး ဘီလူးရုပ်တော့ မဟုတ်တာသေချာတယ်… နာမည်ကိုသေချာမမှတ်မိတာကိုခွင့်လွှတ်ပေးပါနော်… ဒီစာလေးကို အဲဒီ့ဥာဏ်ကြီးရှင်မလေးကို ဂုဏ်ပြုရေးတယ်လို့ပဲ သဘောထားပေးပါနော်…

--
Black/white

Comments

Post a Comment

Popular posts from this blog

VBA Chess Board without MOD

ကျောင်းကောင်စီ သီချင်း

A Friend of Convenience